သာစည်မြို့နယ်အခြေခံပညာကျောင်းများ၌ ဒုတိယရက်ထိ ကျောင်းသားကျောင်းသူ ၂၀၂၅၀ အပ်နှံပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းများကို မေ ၂၅ ရက်မှစတင်၍ သက်ဆိုင်ရာကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယရက်ထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၂၅၀ အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။