မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဆီထွက်သီးနှံ(နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား နည်းပညာပေးသင်တန်းပြုလုပ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)အတွင်းဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို မေ ၂၅ ရက်က ရေချိုဘူတာအုပ်စု သပြေပင်ကျေးရွာ SMU ခန်းမ၌ ပြုလုပ်သည်။