မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများက ယနေ့ နံနက်ပိုင်းက စတင်၍ လာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းများ စတင် လက်ခံလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက  အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် မြို့မ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အခြေခံပညာမူလတန်းအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆွေးနွေးပွဲ သင်တန်းဆင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံ ပညာမူလတန်းအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆွေးနွေးပွဲသင်တန်းဆင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် မေ ၂၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ မန္တလေးတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာအထက်တန်း ကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုလက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ပန်စုံ)တွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

စဉ့်ကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်  

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားရာ ယနေ့နံနက် (၉:၀၀) နာရီမှစ၍  စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ သစ်တောဦးစီးဌာနမှ  ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူအသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး(စဉ့်ကိုင်တွဲ) မြို့နယ်သစ်တောဦးစီးဌာနမှူး ရုံးမှ ရက် (၁၀၀) စီမံချက်ဖြင့် သဘာဝပတ်ကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုမြူငွေ့ လျှော့ချရေး၊ ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို မေ ၂၄ ရက်နေ့ နံနက် ၇ နာရီက ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ထန်းသုံးပင်‌ကျေးရွာရှိ အမက (ထန်းသုံးပင်) ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မြို့နယ်သဘင်အစည်းအရုံးဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံး ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ အမှတ်(၁) ရပ်ကွက်၊ ဘူတာရပ်တွင် ကျင်းပကြောင်း သိရသည်။

တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ၊ မြို့နယ်သစ်တောဦးစီးဌာနရုံးရှိ ရွှေရတနာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မူလတန်းဆရာ/မများအတွက် ရှေးဦးအရွယ် ကလေးလူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် (မြို့နယ်အဆင့်) သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦခရိုင်၊ တံတားဦးမြို့နယ်တွင် မူလတန်းဆရာ/မများအတွက် ရှေးဦးအရွယ် ကလေးလူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် (မြို့နယ်အဆင့်) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန့်မတွင် ကျင်းပကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး