မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၂)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။