မန္တလေးတိုင်းဒေသကြီး

မြင်းခြံမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့’ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေသည်။

မိတ္ထီလာမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများအား ငွေသားစနစ်နှင့် Mobile Payment စနစ်ဖြင့် ထုတ်ချေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးစရိတ်ချေးငွေများအား ငွေသားစနစ်နှင့် Account Transfer (Mobile Payment) စနစ်ဖြင့် ထုတ်ချေးခြင်းနှင့် ပတ်သက်၍ အသိပညာဆွေးနွေးခြင်းကို မေ ၁၈ ရက်က ရှမ်းတဲကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

ပုသိမ်ကြီးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပေး လက်ကမ်းစာစောင်များဖြန့်‌ဝေ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီး နန်းဦးလွင်ကျေးရွာအုပ်စု မြို့ပတ်လမ်းနှင့် အုန်းချော အ.ထ.က ရှေ့ သုံးနေရာ၌ ယနေ့နံနက် ၇ နာရီက စတင်ကာ ကျောင်းအပ်နှံရေးသီတင်းပတ် မေ၂၅ရက်မှ ၃၁ရက်အထိ  ကျောင်းအပ်နှံရေးသီတင်းပတ်အား အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။

မန္တလေးမြို့ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ကွမ်ဒို ဆပ်ကော်မတီဥက္ကဋ္ဌတို့မှ ပူးပေါင်းကျင်းပသော ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ မေ ၁၈ ရက်မွန်းလွဲပိုင်းက ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှု အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၆၂လမ်း၊ ၁၃၃×၁၃၄လမ်းကြား၊ (ဇ)ရပ်ကွက်၊ လမ်းဘေးဝဲယာ တစ်လျှောက်၌ ယနေ့ နံနက် ၈ နာရီခွဲက စတင်၍ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းအပ်နှံရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေး လက်ကမ်းစာစောင်များ  လက်ဝယ်အရောက် ဖြန့်ဝေသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း (အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်းသင်တန်းကို မေ ၁၉ ရက် နံနက်၉နာရီမှစတင်ကာ ဖွင့်လှစ်ပေးသည်။

ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌  အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းဆေးကုသ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ ဦးဆောင်ကာ အထူးကုသရေးအဖွဲ့(၁၂)ဖွဲ့နှင့်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များပါ ဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေ ၁၉ ရက်နံနက် ၈ နာရီအချိန်မှစတင်၍ အခြခံပညာအထက်တန်းကျောင်း(ပုဂံ)ကျောင်းဝင်းအတွင်း ဒေသခံပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝမ်းတွင်း-သဲတောသွားလမ်းမ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး