မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံဖူလုံပိုလျှံရေး ဒေသန္တရစီမံချက်ဖြင့် ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနမှ သိရသည်။

ပြင်ဦးလွင်မြို့စစ်တက္ကသိုလ်မိသားစု၏ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်တွင်ကျင်းပသည့် သိမ်ဆင်းလောင်းလှူပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

(၁၄)ကြိမ်မြောက် စစ်တ္ကသိုလ်မိသားစု ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာအခမ်းအနားကို မေ ၉ ရက် နှင့် ၁၀ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)ရှိ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်နှင့် စစ်တက္ကသိုလ်ရှိ အောင်ဇေယျခန်းမတို့တွင် ကျင်းပပြီး မေ ၁၀ ရက်နံနက်ပိုင်းက သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကို ကျင်းပရာ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဥာ​ဏောဘာသ အမှူးပြုပြီး ဆရာတော်သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများကို အစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါပြီး မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်လှစ်

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)၊ မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ)(အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ) (အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လက်တလောဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မလိုလားအပ်သော သဘာဝဘေးအန္တရာယ်များ ကျရောက်‌ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မေ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ၊ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံဘောလုံး၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် စားပွဲတင်တင်းနစ် သင်တန်းများဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူးကျင်းပသည့် Football for School Programme အစီအစဉ်ဖြင့် အခြေခံ ဘောလုံးသင်တန်း၊ ကရာတေးဒိုသင်တန်း၊ တိုက်ကွမ် ဒိုသင်တန်းနှင့် စားပွဲတင်တင်းနစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ၅၆လမ်း၊ ၁၂၇လမ်းနှင့် ၁၂၈လမ်း ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့်  ကျေးလက်နေလူမှုစီးပွားဘဝ မြှင်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့ နံနက်က မြေတိုင်ကန်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်  ကျေးလက်နေလူမှုစီးပွားဘဝ မြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ)သင်တန်းဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌  ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဖွင့်ပွဲကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက နတ်ကြီးကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ နေ့ချင်းပြီးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး