မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပခြင်းကို မေလ ၅ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်သင်တန်း(အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်သင်တန်း (အခမဲ့)ကို  မေလ ၅ ရက်‌နေ့ နံနက် ၉ နာရီမှ စတင်ကာ ဖွင့်လှစ်‌ပေးခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-10 နှင့် Grade-11 အင်္ဂလိပ်စာဘာသာရပ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) ဖြေဆိုခြင်းကို မေ  ၅ ရက် နံနက် ၉ နာရီက ဆက်လက်ဖြေဆိုခဲ့ကြသည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကုန်း ဘုန်းတော်ကြီး‌ကျောင်းဝင်းအတွင်းရှိ ဇိနထွဋ်တင်ပုညရှင်ဘုရားစေတီနှင့် ရင်ပြင်တော်အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများသည်၊ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်‌နေ့ နံနက် ၇ နာရီက မင်းကုန်းရပ်ကွက်၊ မင်းကုန်းဘုန်းတော်ကြီး‌ကျောင်းဝန်းအတွင်းရှိ ဇိနထွဋ်တင်ပုညရှင်ဘုရားစေတီနှင့် ရင်ပြင်တော် စေတီလုံးပတ်တော်အား ရေသပ္ပယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအုပ်စု၊ ထနောင်းပင်လှကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနက နှစ်(၈၀)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်းသပိတ်များ ဆပ်ကပ်လောင်းလှူ

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မလှိုင်မြို့နယ်မီးသတ် ဦးစီးဌာနက မလှိုင်မြို့ထန်းတောဂေါစဂံအတွင်းရှိ ကျောင်းတိုက်(၃၆)တိုက်မှ သံဃာတော်(၃၆)ပါးတို့အား  အရုဏ်ဆွမ်းသပိတ်နှင့် ဆွမ်းဟင်းချိုင့်များလောင်းလှူခြင်းကို မေ ၅ရက်နံနက် ၅နာရီက  မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျောက်ဆည်မြို့၌ ‌လေပြင်းဘေးကျရောက်ခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ၂၇ရက်က တိုက်ခိုက်ခဲ့သည့် လေပြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၄ ရက် ညနေ၄နာရီက  ကျင်းပသည်။

အောင်မြေသာစံခရိုင်အတွင်းရှိ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်များအား တည်ဆဲဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရေး တွေ့ဆုံဆွေးနွေးပွဲကို မေ ၅ရက် နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံဘောလုံးသင်တန်းနှင့်ဆက်စပ်အားကစားနည်းများ အခြေခံသင်တန်းဖွင့်ပွဲ တက်ရောက်

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားရေးနှင့်ပတ်သက်၍  Football for School Programme နှင့် Smart School ကို အားကစားရေးရာဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ရက်ပေါင်း(၁၀၀)အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ရှေ့ပြေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး