ဧရာဝတီတိုင်းဒေသကြီး

ဂေါ်ရန်ဂျီကျွန်းကမ်းခြေ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ခရီးသွားဧည့်သည်များဖြင့် စည်ကားများပြား

​မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယမန်နေ့ဧပြီလ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊​ ဂေါ်ရန်ဂျီကျွန်းကမ်းခြေတွင် ခရီးသွားဧည့်သည်များဖြင့် ဆက်လက်စည်ကားလျက်ရှိပြီး ကမ်းခြေ၌ အပန်းဖြေခြင်းအပြင် မြို့အတွင်းကျင်းပလျက်ရှိသော သင်္ကြန်ပွဲတော်များတွင်လည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ ရေဆော့ကစား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်၌ မြို့နယ်လုံးဆိုင်ရာ မိသားစုရေကစားမဏ္ဍပ်အပါအဝင် မြို့နယ်တွင်းရှိ နေရာအနှံ့အပြားတွင် ရေဆော့ကစားကြသူများ စည်ကားလျက်ရှိသည်။

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် ပြည်သူများ ရေကစားနေမှုကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အကျနေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့်ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေး အစီအစဥ်များဖြင့် ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် အကြတ်နေ့ ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ရေပက်ကစားသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မဟာသင်္ကြန် အကြတ်နေ့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ရေကစားသူများဖြင့် အထူးစည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဧပြီလ (၁၅) ရက်နေ့ မဟာသင်္ကြန်အကြတ်နေ့ မြန်မာ့ရိုးရာအစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာ ရေကစားခြင်းနှင့် စတုဒိသာမဏ္ဍပ်၊ မြန်မာ့သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့တွင် ပါဝင်ဆင်နွှဲ့နေမှုများကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၁၃) လမ်းထောင့်ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြတွင် မဟာသင်္ကြန်အကြတ်နေ့၊ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် အထူးစည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အအကြတ်နေ့ နံနက် ၈ နာရီမှစ၍ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ငပုတောမြို့ သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် ရေကစားသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့နံနက်ပိုင်းတွင် ဘုရားကျောင်းကန်များတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ငပုတောမြို့ တောင်ပိုင်းရပ်ကွက်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင်လည်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး မြောင်းမြ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် တက်ရောက်

‎မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မြောင်းမြမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့မဟာသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်အကြိုနေ့မှစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့အကျနေ့ညနေပိုင်းတွင်လည်း လူငယ်လူရွယ်များ ပျော်ရွှင်စွာဆင်နွှဲနေမှုများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး  ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမန်းသိန်းကျော်က ဗဟိုမဏ္ဍပ်တွင် အများပြည်သူများနှင့် ရင်းရင်းနှီးနှီးအတူတကွ ပျော်ရွှင်ဆင်နွှဲခဲ့သည်။

ငွေဆောင်ကမ်းခြေ၌ မဟာသင်္ကြန်အကျနေ့တွင် ခရီးသွားဧည့်သည်များဖြင့် စည်ကားများပြား

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သည့် ယနေ့ဧပြီလ(၁၄)ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေတွင် ခရီးသွား ဧည့်သည်များဖြင့် ဆက်လက်စည်ကားလျက်ရှိပြီး ကမ်းခြေ၌ အပန်းဖြေခြင်းအပြင် မြို့အတွင်း ကျင်းပလျက်ရှိသော သင်္ကြန်ပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး