ဟင်္သာတမြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ ကျေးရွာများအရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် နေ့စဉ်ကျေးရွာများအရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုရှိ မြစိမ်းရောင်ဈေးတွင် ပြည်သူ (၃၀၀)ဦးတို့အား သွားရောက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။