ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်ပြ Read more about ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်ပြ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (ပုဂံကျေးရွာ) ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်တွင် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် Read more about ကြို့ပင်ကောက်မြို့နယ်တွင် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများပြုလုပ် Read more about ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများပြုလုပ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို နိုဝင်ဘာ ၂၁ ရက်က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအားလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုလာရောက်ခံယူသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားလည်းကောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြမဲပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ထိန်းချုပ်စက်ကိုင်တွယ်သူများနှင့် မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဥ်များ သင်တန်းဖွင့်လှစ် Read more about ကျောက်ကြီးမြို့နယ်၌ ထိန်းချုပ်စက်ကိုင်တွယ်သူများနှင့် မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဥ်များ သင်တန်းဖွင့်လှစ် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်ပြီး ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထိန်းချုပ်စက်ကိုင်တွယ်သူများနှင့် မဲပေးစက်ဆိုင်ရာလုပ်ငန်းစဥ်များ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ Read more about သနပ်ပင်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ ကစတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား Read more about ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြသနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ပေါင်းတည်မြို့နယ်၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ Read more about ပေါင်းတည်မြို့နယ်၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများအား ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ ယမန်နေ့နံနက်ပိုင်းမှ၍ ဒုတိယအကြိမ်ကပ်ထားကြေညာထားကြပြီး ရပ်ရွာပြည်သူများ ကြည့်ရှုလျက်ရှိသည်။
တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ Read more about တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။
ပေါင်းတည်၌ တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူ (၁၆၁) ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ Read more about ပေါင်းတည်၌ တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူ (၁၆၁) ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲ မဲဆန္ဒနယ်မှ ပြင်ပထွက်ခွာ၍ တက္ကသိုလ်ကောလိပ် ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၁) ဦး ကြိုတင်မဲ ပေးခဲ့ကြကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများထံမှ သိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိ Read more about သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေ းကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့ကစ၍ ရပ်ကွက်/ ကျေးရွာအုပ်စုကော် မရှင်အဖွဲ့ခွဲရုံးများတွင် (ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိသည်။