မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေး ရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းပို့ချ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေး ရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။