ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး ပြည်တက္ကသိုလ်၌ ဆွေးနွေး
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။