ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါပူပြင်းခြောက် သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်သို့ သွား​ရောက်ကွင်းဆင်း စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ရေသယ်ယာဥ်ဖြင့်ရေစို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

တောင်ငူမြို့နယ်၌ Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲဖြေဆို

၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက ဆက်လက်ဖြေဆိုသည်။

ပန်းတောင်းမြို့နယ်၌ နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေညီနောင်အုပ်စု၊ ရွှေညီနောင်ကျေးရွာတွင် နွေစပါးလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

(၃၅)ကြိမ်မြောက် ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းကာ ယနေ့နံနက် ၉ နာရီက ကြုံတူစေတီတော်မြတ်ကြီးရှေ့တွင် ကျင်းပကြောင်း သိရသည်။

လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး​တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပပြုလုပ်သော အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ် အမှတ်(၁) ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း၊ ဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အမှတ်(၁) ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းများနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လျင်မြန်စွာမီးငြှိမ်းသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်းဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် အမှတ်(၁) ချည်မျှင်နှင့် အထည်စက်ရုံရှေ့တွင် ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်၌ တော်တမံ- ပျဉ် ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု‌(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်  တာဝန်ယူဆောင်ရွက်သည့် တော်တမံ-ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး‌ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

ပေါင်းတည်၌ နွေစပါး ဧကတစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနှစ်နွေစပါးရာသီတွင် ဧက၂၆၅၀၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ ယနေ့အထိ ၁၄၅၈၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး