ဒိုက်ဦးမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းလွန်(ရွာတန်းရှည်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။