ရွှေတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းမဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့ နေ့ လယ်ပိုင်းက ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဆန်တစ်ဆုပ်ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့သည်။