ပဲခူးတိုင်းဒေသကြီး

(၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်တွင် မေလ ၄ ရက်နေ့နံနက်ပိုင်းက (၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအဆင့် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာ‌မေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအဆင့် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာ‌မေးပွဲကို ယမန်နေ့က ပဲခူးမြို့ ကျိုက်ပွန်ဇေတဝန်ကျောင်း၊ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

(၈၀) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၈၀) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာ လူနတ်နှစ်လီ၊တရစ်စီ တည်ထား ကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

လက်ပံတန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲများ ဖြေဆိုပူဇော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပသော သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်​​ ဘုရားကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက် (၈)နာရီမှစတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ၂၀၂၆ ခုနှစ်၊မေလ( ၅) ရက်နေ့တွင် ကျရောက်မည့်နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် ဘုရားအနီး မီးပွိုင့်လမ်းဆုံ တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွေးလှူဒါန်းခြင်း အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်မိသားစုများက ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွေးလှူဒါန်းခြင်း အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ရွှေတောင်မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်များကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် uniqueID နံပါတ်ထုတ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာ ဘုရားကြီးဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ဆောင်ရွက်ခြင်းကို ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းနှင့် Unique ID နံပါတ်မရှိသူများ ပြုလုပ်ထုတ်ပေးခြင်းကို ယမန်နေ့က ဆင်မနီကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ရက် (၁၀၀) စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ရက် (၁၀၀) စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး