နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများ သဲကုန်းမြို့နယ်အတွင်းရှိ မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲရုံ တည်နေရာများလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအဖြစ် ကျင်းပပြုလုပ်မည့် ရပ်ကွက်များ၌ ကွင်းဆင်းကြည့်ရှုလိုက်လံစစ်ဆေးခဲ့သည်။