ရွှေဘိုမြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန် ရွှေရတုခန်းမ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။