ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၂၃၉၇၂ စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့်ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧကစိုက်ပျိုး ထုတ်လုပ်နိုင်ရန် လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၂၃၉၇၂ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။