ခန္တီးမြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရှာဖွယ်ကယ်ဆည်ရေးဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်မီးသတ်ဦးစီးဌာနက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိလာစေရန်၊ ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များ သိရှိလာစေရန်နှင့် မိမိတို့ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရှာဖွေကယ်ဆည်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆင်သေ)၊ ယမုံနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။