စစ်ကိုင်းတိုင်းဒေသကြီး

လဟယ်မြို့တွင်အသက်‌ မွေးဝမ်း‌ကြောင်းအထောက်အကူပြု အခြေခံ(ဆိုင်ကယ်ပြင်)သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်း‌ကြောင်း အထောက်အကူပြုအခြေခံ(ဆိုင်ကယ်ပြင်) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(ဗဟို)ဌာန(Community Centre)ခန်းမ၌ ကျင်းပပါသည်။

နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၆/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသဦးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၀င်များ၊ ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅) ကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကပ်ထားမည့်နေရာများ လိုက်လံကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကပ်ထားမည့်နေရာများကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရေဦးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာများအား လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီက မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာများအား လက် တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့‌ ကြောင်းသိရသည်။

ရွှေဘိုမြို့နယ်၌ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာ

၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မှ အောက်တိုဘာလ၁၃ ရက်နေ့ထိ(၁၄)ရက်ကြာရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျှက်ရှိသည့် ပုံမှန်ကာလတို အသက်မွေးဝမ်းကျောင်း သင်တန်းများထဲမှ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် ချမ်းမြဝတီရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့အတွင်း ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရည်ရွယ်ပြီး ‌မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျောက္ကာလမ်းနှင့် ချမ်းမြဝတီရပ်ကွက်၊ မြဝတီရပ်ကွက်တို့ရှိ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာစုစုပေါင်း(၇)နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နာဂ ဒေသလဟယ်မြို့တွင် MEVM မဲပေးစက် ထိန်းချုပ် ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်ထိန်းချုပ်ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်းသင်တန်းဖွင့်ကိုယနေ့ နံနက် ၉ နာရီအချိန် လဟယ်မြို့နာဂရိုးရာယဉ် ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။

ကန့်ဘလူခရိုင်၌ ယခုနှစ်ဆောင်းသီးနှံမျိုးစုံ ၄၀၉၆၇၇ ဧက လျာထားစိုက်ပျိုးမည်

၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိမြို့နယ်များ၌ ဆောင်းသီးနှံစုံ ၄၀၉၆၇၇ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ထံမှ သိရသည်။

စစ်ကိုင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်

စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ၆ လပြည့်အထိမ်းအမှတ်အဖြစ် ငလျင်ဘေးကယ်ဆယ်ရေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး