စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုတက္ကသိုလ်တွင် အပူပိုင်း​ဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်​ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပပြုလုပ်သည့် စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်တွင် ခရိုင်အပူပိုင်း​ဒေသ (၁၃) ခရိုင်စိမ်းလန်းစိုပြည်​ရေး ​၂၀၂၅ ခုနှစ် မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျွန်းလှမြို့၊ ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်၊ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

စစ်ကိုင်းမြို့၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထု လှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇူလိုင်လ (၁၁)ရက်၊ နံနက် (၇)နာရီ အချိန်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်‌ရေး အသိပညာ‌‌ပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ် မကျီးတောကျေးရွာတွင် ယနေ့နံနက် ၉ နာရီက မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေ‌ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်နိုင်စေရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းပြုလုပ်ခဲ့ရာ မွေးမြူရေးလုပ်ငန်းရှင်နှင့်တောင်သူ ၂၀ ဦးတက်ရောက်ခဲ့ကြသည်။

ကန့်ဘလူခရိုင်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့်ကျွမ်း ကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံး ပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၆/၂၀၂၅) အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၅) အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (အခြေခံ/ အဆင့်မြင့်) လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက် (အခြေခံ/ အဆင့်မြင့်) လူသုံးကုန်ထုတ်လုပ်မှ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်‌က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး