မုံရွာတက္ကသိုလ်တွင် (၇၈) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀ နာရီ ကကျင်းပရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာစန်းစန်းအေး၊ ပါမောက္ခ (ဌာနမှူး) များ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။