စစ်ကိုင်းတိုင်းဒေသကြီး

ဖောင်းပြင်မြို့နယ်တွင် တစ်ဖက်တစ်လမ်းမှဝင်ငွေရသည့် ကွမ်းသီးပင်များစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် ကွမ်းသီးပင်များကို ခြံစည်းရိုးတစ်လျှောက်တွင် စိုက်ပျိုးထားပြီး ကွမ်းသီးရောင်းချခြင်းဖြင့် နှစ်စဉ်မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

နာဂဒသ လေရှီးမြို့နယ် ဆမ္မရာမြို့တွင်း လူငယ် ရေးရာအသိပညာပေး ဟောပြာပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့တွင် လူများဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပါင်းပြီး လူငယ်‌ ရေးရာ အသိပညာပေးဟော ပြောပွဲကို ယခုလ (၂၂-၈-၂၀၂၅) ရက်နေ့တွင် ဆွမ္မရာအထကကျောင်း၌ ကျင်းပပါသည်။

နာဂဒေသ လဟယ်မြို့တွင် ဆယ်ကျော်သက်အမျိုး သမီးငယ်များကျန်းမာဖွံ့ဖြိုး ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသအမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော ဆယ်ကျော်သက်အမျိုးသမီးငယ်များ ကျန်းမာဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်လဟယ်မြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပါသည်။

ဖောင်းပြင်မြိုနယ်တွင် မိုးစပါးကို တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးခြင်းကို ပျိုးထောင်၍စိုက်ပျိုးခြင်း ထက်တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းကိုသာ ပိုမိုလုပ်ဆောင်လာကြကြောင်း စပါးစိုက်တောင်သူများ ထံမှသိရသည်။

ဖောင်းပြင်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို အ.ထ.က(ဖောင်းပြင်)ကျောင်းရှိ ဘောလုံးအားကစားကွင်း၌ ဩဂုတ်လ(၂၅)ရက်နေ့နံနက် ၇ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ တန်ဖိုးသင့်အစာများကို အာဟာရပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးတတ်စေရေး အာဟာရအုပ်စု(၅)မျိုးပါဝင်အောင် ပြင်ဆင်ချက်ပြုတ်နည်းပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် တန်ဖိုးသင့်အစားအစာများကို အာဟာရ ပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးတတ်စေရေး မိခင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် အာဟာရအုပ်စု(၅)မျိုးပါဝင်အောင် ချက်ပြုတ်နည်းပြိုင်ပွဲကို ဩဂုတ်လ(၂၄)ရက်နေ့နံနက် ၉ နာရီအချိန်က ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့စန္ဒကူးရပ်ကွက် မိုးရာသီဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စန္ဒကူးရပ်ကွက် မိုးရာသီဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မန္တလေးပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တို့နှင့် ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ခန္တီးမြို့တွင် စားအုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် အခြေခံစား သောက်ကုန်ဖြစ်သည့် စားအုံးဆီများအား ဒေသပေါက်ဈေးထက် ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး