စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ပညာ့ရိပ်သာအတွင်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးအတွက် ရည်ရွယ်၍ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ပညာ့ရိပ်သာအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရွှေဘိုမြို့၌ ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပန်းကြယ်သီးပြုလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို) ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယ​မန်နေ့နံနက် ၁၀ နာရီချိန် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပြုလုပ်ရာ ​ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား​ပြောကြားရာ၊ စာ​ပေကိုမြတ်နိုးတန်ဖိုးထားပြီး စာဖတ်သည့်အ​လေ့အထများဖြစ်​ပေါ်လာ​စေရန်၊ စာ​ပေအနုပညာရှင်များ ​ပေါ်ထွက်လာ​စေရန် ရည်ရွယ်ခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့ပြီး၊ ဒုတိယပါ​မောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ ဒေါက်တာမြယဥ်ယဥ်ငြိမ်းနှင့် ပါ​မောက္ခဌာနမှူး (မြန်မာစာ) ဒေါက်တာချိုချိုသန်းတို့က​လောင်ရှင်များအားအမှာစကားနှင့် အတူကျေးဇူးတင်ဂုဏ်ပြုပါ​ကြောင်း ​ပြောကြားခဲ့သည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့်အထိမ်းအမှတ်  စုပေါင်းသွေးလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၀)ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ်မှူးရုံးမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာန ရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မိုးသူဇာမောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဟုမ္မလင်းမြို့၌ မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မူးယစ်‌ဆေးဝါးတားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့အမှတ် (၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဟုမ္မလင်းမြို့နယ်၊ခေါင်ခမ်းအုပ်စု၊ နားနှုံးကျေးရွာအ‌ခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်‌ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာ ပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာခိုင်နှုန်း တိုးတက်မြင့်မားအောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးအား လုံခြုံအေးချမ်းတည်ငြိမ်စွာ ဖြင့်အောင်မြင်အောင် အစမှအဆုံးပြီးဆုံးသည်အထိ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံရရှိရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃၁)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃၁)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး