စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး မုဲရွာမြို့၌ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုဖြန့်ပျိုးပင် (၂၀၀၀၀) ပျိုးထောင်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန်အတွက် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျဉ်တွင် လူထုဖြန့်ပျိုးပင် ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။

ရေဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျောင်းများနှင့် ရပ်ကွက်များသို့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုးတွင်းကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်ပြီး  ရေဦးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက် ဦးဆောင်ပြီး ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် နံနက် ၉ နာရီက  စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခ

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းဆောင် (၂) ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ငလျင် ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဒီဇယ်) တွင် စာသင်ကျောင်းဆောင် (၂) ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁) နာရီခွဲအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇွန်လ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့သည်။

ကသာမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား သွားရောက်အားပေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောနေသာနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃)၊ အမှတ်(၂)နှင့် အ.ထ.က (ခွဲ) လ(၁)အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးစုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ဧရာဝတီမြစ်ကမ်းတစ်လျှောက် မော်တော်ဆိပ်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရေဦးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် ၊‌ ရေဦးမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ(၄) ရက် နေ့လယ် ၁၂နာရီက ရေဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက်၌ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ရွှေဘိုမြို့ အ.ထ.က ၃ ၌ အသိပညာ​ပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုမြို့ အမှတ် (၃) အ​ခြေခံပညာအထက်တန်း​ကျောင်းခန်းမ၌ ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိနိးသိမ်း​ရေးဦးစီးဌာနတို့ပူး​ပေါင်းကာ အသိပညာ​ပေးဟောပြောပွဲကိုယ​နေ့နံနက်ပိုင်းက ကျင်းပခဲ့​ကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး