စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးတတ်စေရန်၊ တန်ဖိုးထားတတ်စေရန်နှင့် ပြုန်းတီးနေသည့် သစ်တောသစ်ပင်များအား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်သည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က ခန္တီး-ဟုမ္မလင်းကားလမ်းဘေး၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၁၆၉၅၃ ဧက စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ပဲမျိုးစုံ ၁၆၉၅၃ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

စစ်ကိုင်းမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၈၀၀၀)ကျော် တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်း များ စတင်ဖွင့်လှစ်သည့် ဇွန်လ (၂) ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၈၀၀၀) ကျော် တက်ရောက် သင်ကြားလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေဘိုမြို့၌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုကျောင်းထိုင်းဘုန်းကြီး သင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အောင်မြေကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ပြည်သူလူထုကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရေးအတွက် ရည်ရွယ်ကာ ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပန်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို အ.ထ.က(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ဇွန် ၃ ရက်နံနက် ၁၀ နာရီက ကျင်ပသည်။

ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

နာဒေသ လဟယ်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

နာဂဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer)ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထိုးနှံ ခြင်းကို ယမန်နေ့နံနညနေပိုင်း (၁၄) နာရီအချိန်တွင် လဟယ်မြို့အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်က စတင်ပြီးဖွင့်လှစ်ကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေး ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ်အရေးယူရေးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၉)နာရီက စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်များသို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှု စသည့် ‌သတ်မှတ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် တရားမဝင်မော်တော်ဆိုင်ကယ်များ လုံးဝရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေးတို့ကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး