စစ်ကိုင်းတိုက်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ငါးမည်ရ (ရွှေဘုံသာ၊ စေတီလှ၊ ဆုတောင်းပြည့်၊ ပုခန်းဘုရား၊ ဒုံးဘုရားကြီး) ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသဖြင့် ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့၊ ပစ္စည်းဝယ်ယူရေးအဖွဲ့နှင့်တည်ဆောက်ရေးအဖွဲ့တို့အား အလှူငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစေတီတော်ရှိဓမ္မာရုံတွင် ကျင်းပရာ တက်ရောက်လာသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော်အဂ္ဂမဟာ ဘဒ္ဒန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဝိဿုတထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။