စစ်ကိုင်းတိုင်းဒေသကြီး

ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆  စိုက်ပျိုးရာသီချိန်တွင် မိုးကြိုပဲတီစိမ်း ယခင်နှစ်ထက်စိုက်ဧက ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆  စိုက်ပျိုးရာသီချိန်တွင် မိုးကြိုပဲတီစိမ်း သီးနှံကို ယခင်နှစ်ထက် စိုက်ဧကပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

မုံရွာမြို့ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း မိုးရွာသွန်းမှုကြောင့် ထနှောင်းပင်ကြီး ပြိုလဲနေမှုအား မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ချမ်းမြဝတီရပ်ကွက် အမှတ်ရေကူးကန်လမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပွကာ သက်တမ်းရင့်ထနှောင်းပင်ကြီးတစ်ပင်ပြိုလဲခဲ့ရာ အဆိုပါသစ်ပင်ကြီး ပြိုလဲနေမှုအား မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြရာ နေ့ ၁၂ နာရီခွဲ အချိန်တွင် ရှင်းလင်းဆောင်ရွက်ပြီးကြောင်း သိရသည်။

ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်ကျောင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မေလ(၂၄)ရက်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငလျင်ဘေးအလွန် ပြည်တွင်းပြည်ပတစ်ပိုင်တစ်နိုင် ထုတ်လုပ်တင်ပိုနိုင်မှု ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မန္တလေးငလျင်ကြီးကြောင့် လုပ်ငန်းများထိခိုက်မှု၊ လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု၊ ကုန်စည်ဝင်ထွက်မှုနှင့်ထုတ်ကုန်များ စိတ်ချလုံခြုံမှုရှိစေရေး ရည်ရွယ်လျက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်၊ ကလေး၊ ခန္တီးမြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင်တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ကြသည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “အသေးအမွှား” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီခန်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး