စစ်ကိုင်းတိုင်းဒေသကြီး

နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ (၁၆/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် ရာသီပေါ်အစားအစာ မိုးဦးပုရစ်များထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဒေသခံပြည်သူများနှစ်ခြိုက်စွာ စားသုံးသောဒေသထွက် ရာသီပေါ်အစားအစာဖြစ်သည့် မိုးဦးပုရစ်များပေါများစွာ ထွက်ရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှောချရောင်းပေးခြင်းကို မြို့နယ်ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် ဇဗ္ဗူထွန်းရွှေဆိုင်ရှေ့ တပင်ရွှေထီးလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့ ၇ နာရီခွဲက ကန့်ဘလူမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးမြေပဲ ဧက ၇၀၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပတင်သွင်းမှုလျော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံ ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးမြေပဲ ဧက ၇၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခန္တီးမြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ)ယခင်နှစ်ထက် အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ)များ ယခင်နှစ်များထက် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလပထမပတ်အတွင်း စတင်စိုက်ပျိုးကြပြီး ဧပြီလနှင့်မေလတွင် ရိတ်သိမ်းကြရာ ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး တစ်မြို့နယ် ထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၆၄.၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၅)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်‌တန်းကျောင်းခွဲ(မြို့မ)၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် သုတ/ရသ စာအုပ်စာစောင်များပြပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်များအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇)နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။  
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး