စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ၊ ယူရီးယားမြေသြဇာ၊ လယ်ယာသုံးစက်မောင်းဆီများနှင့် လက်ဆွဲ မျိုးစေ့ချကိရိယာ Drum Seeder များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲ တီစိမ်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ယူရီးယားမြေသြဇာ၊ လယ်ယာသုံး စက်မောင်းဆီများနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦး တက်ရောက်ကြကြောင်းသိရသည်။