စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ (၁၂)ရက်၊ နံနက် (၁၀)နာရီအချိန်က စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။