ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် မတ်လ (၂၅) ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။