စစ်ကိုင်းတိုင်းဒေသကြီး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌" စုပေါင်းကာကွယ်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေးနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွှဲ (၁) နာရီခွဲအချိန်က "စုပေါင်းကာကွယ်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" နှင့် "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Cintre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ဖြေဆိုနေမှုများနှင့် နွေရာသီအခြေခံအားကစားသင်တန်းများ သင်ကြားလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း (အလုံ) တို့ရှိ သက်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ခန္တီးမြို့၌ မြန်မာ့သနပ်ခါးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးတွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြော

ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ကကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲများလည်း ဖြေဆိုစဥ်ကာလဖြစ်၍ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ရပ်ကွက်များအတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အား သွားရောက်ကြည့်ရှုဖူးမြော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများသို့ အခါကြီးရက်ကြီးနေ့များနှင့် အားလပ်ရက်များတွင် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်ကြီးရှိ ရှေးဟောင်းရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် စေတီတော်ပြန်လည်ပြုပြင် မွန်းမံနေမှုများနှင့် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက် တာဝန်ရှိသူများအတူ လက်ယာရစ်တစ်ပတ် လိုက်လံကြည့်ရှုဖူးမြော်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဟိုတယ်ဆိုင်ရာ လျှပ်စစ်၊ ဆိုလာနှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ်(၉/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ လျှပ်စစ်၊ ဆိုလာနှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ်(၉/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၁၇)ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ မတ်လ(၁၇)ရက်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး