စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေးခြင်း
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၁၅-၃-၂၀၂၅ ရက်နေ့နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဓမ္မာရုံကျောင်းတိုက်သို့ ရောက်ရှိရာ မြို့နယ်သံ ဃနာယက အကျိုးတော်ဆောင်၊ အဂ္ဂမဟာကမဌာနာစရိယ ဘဒ္ဒန္တထေရဝံသ ဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။