စစ်ကိုင်းတိုင်းဒေသကြီး

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အဆိုပါလမ်းသစ်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံ(နှမ်း)ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစု ယူရီးယားဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံ(နှမ်း)ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစု ယူရီးယား ဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ် ကိုင်းမြို့၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဦးမြို့၌ တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးအတွင်း သီးနှံမျိုးကောင်း မျိုးသန့်ထုတ်လုပ်ရေး တောင်သူနည်းပညာပေးသင်တန်းအား မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၃/၂၀၂၅ သို့ တက်ရောက်မည့် သင်တန်းသားများအား စားသောက်ဖွယ်ရာမျိုးစုံနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နှင့် မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီက အမှတ်(၈) ဆက်သွယ်‌ရေးအလုပ်ရုံနှင့် အမှတ်(၇) စစ်မြေပြင်ဆေးတပ်ရင်းတို့သို့ ရောက်ရှိသည်။

ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်​ဒေသကြီး​၊ ရွှေဘိုခရိုင်စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထား လိုက်နာအကောင်အထည်ဖော်နိုင်စေရန်အတွက်ရည်ရွယ်ပြီး ကမ္ဘာ့စားသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီချိန်က ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းသ​ပြေညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦးဝင်ရောက်ဖြေဆိုမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းယွန်း၌ အသက်(၅)နှစ်အောက် ကလေးသူငယ်များအား သံချဆေး၊ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအားဆေးများတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမားရေးဌာနတွင် အသက်(၅)နှစ်အောက် ကလေးသူငယ်များအား သံချဆေး၊ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ခန္တီးမြို့၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ချင်းတွင်းမြစ်ကမ်းနားတလျှောက်တွင် ယမန်နေ့က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ နွေရာသီအင်္ဂလိပ်စာ အခြေခံ(Grammar)သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နွေရာသီအင်္ဂလိပ်စာ အခြေခံ(Grammar)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး