ရွှေဘိုမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ရုံးဆောက်လုပ်ရန် အလှူငွေပေးအပ်ခြင်းနှင့် ပနန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရတနာင်္ဃ သာသနာ့ဗိမ္မာန်တော်ကြီးတွင် မြို့နယ်သံဃနာယကအဖွဲ့ရုံးဆောက်လုပ်ရန် အလှူငွေပေးအပ်ခြင်းနှင့် ပနန္နက်တော်တင်မင်္ဂလာခမ်းအနားကို ယနေ့နံနက် (၇)နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။