စစ်ကိုင်းတိုင်းဒေသကြီး

ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ယမန်နေ့နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌  ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရွာသီကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်များပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ(၂၉)ရက်နေ့က ပုခန်းကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ရဟန်းရှင်လူပြည်သူများအား ကျန်းမာ ရေးဆောင်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တည်ခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က စက်သုံးဆီအရောင်းဆိုင်များနှင့် တည်ခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကလေးမြို့ပေါ်ရှိ တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘွေမောင်းထန် ဦးဆောင်သော ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ကလေးမြို့နယ်အတွင်းရှိ တည်းခိုခန်း ၁၀ ခုသို့ သွားရောက်ကာ ကလေးမြို့ပေါ်ရှိ တည်းခိုခန်းများအား မေ ၂၉ ရက်နေ့က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆေးဘူးများစစ်ဆေးခြင်း အသိပညာပေးခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းမှ စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူများ တက်ရောက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ မုံရွာ-ချောင်းဦး ကားလမ်း မြို့အထွက်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက် ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရေးအတွက် ‌မေလ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မုံရွာ-ချောင်းဦးကားလမ်း မြို့အထွက်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ လမ်းဘေးဝဲ/ယာရှိ သစ်ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက်များအား သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြသည်။

လေရှီးမြို့နယ်တွင် အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် လေရှီး-ထမံသီလမ်းအပိုင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ဆောက်လုပ်ရေးဦးစီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ‌ အဆင်ပြေချောမွေ့နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရသစ်၏ရက်တစ်ရာစီမံချက်၊ တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း ခရိုင်/မြို့နယ် MEVM စက်ကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း ခရိုင်/မြို့နယ် MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် MEVM စက်ဆိုင်ရာကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံခြင်း အခမ်းအနားကို၊ ယမန်နေ့ နေ့လယ်(၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ရှိ မြစည်းခုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြစည်းခုံစေတီတော်မြတ်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေ၊ ကုသိုလ်ရှင်အများပြည်သူအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဘက်စုံပြန်လည်ပြုပြင် မွမ်းမံပြီး ဖြစ်ပါ၍ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အထွဋ်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းအခမ်အနားကို မေလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျောင်းကာ ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး