စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် သာစည်လမ်းကြားရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြည်ထောင်စုဈေးကြီးအတွင်း ဈေးရောင်းဝယ်နေမှုများအား လိုက်လံကြည့်ရှုအားပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွား လာနိုင်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းနှင့်သာစည်လမ်းကြားရှိ မီးရထားသံလမ်းတစ်လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေး အသင်း အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိ မီးရထားဝန်ထမ်းများမှစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။