စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ယ​နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ဟုမ္မလင်းမြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်များ အတွေးအခေါ်မြင့်မားပြီး စကားပြောစွမ်းရည်များ ကြွယ်ဝလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ချင်းတွင်းမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ကွန်ကရစ်တိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် ကွန်ကရစ်ပြားကပ်တမံ အလျားပေ - ၃၀၀ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာသပ်ရပ်စေရေးနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ မုံရွာဂေါက်ကွင်းမှ ချင်းတွင်းသင်္ဘောကျင်းဌာနခွဲ (မုံရွာ)ရုံးအထိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖောင်းပြင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က စာပေချစ်မြတ် နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ ရန်ကြီး​အောင် ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး​ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ဆရာ၊ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အဖက်တန်းပြ ဆရာ ဆရာမအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ မြို့နယ်အဆင့် သံဃာ့နာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြို့နယ်အဆင့် သံဃာ့နာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းကို ယနေ့နံနက် ၈ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်၌ ကျင်းပသည်။

ဟုမ္မလင်းမြို့၌ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းသဘင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌၊ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် (KG) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ်၊ (KG)ကျောင်းသား၊ ကျောင်းသူများအား၊ ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းအုပ်စုရှိ၊ (အ.လ.က-ခွဲ ခေါင်ခမ်း)၊ (အ.လ.က -တာပတောင်း)၊ (အ.လ.က- ခွဲ -နားသဲ) (မူလွန် -နားနှုံး၊) (မူလွန်- ပါမလုံ) ကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ အဆိုပါကျောင်းများတွင် ကျွေးမွေးခဲ့‌ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး