စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးအစာစပ်ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ စစ်ကိုင်းက ဦးဆောင်ပြီး World Fish မှ နည်းပညာပံ့ပိုးမှုဖြင့် ကြီးမှူးကျင်းပသည့် အခြေခံငါးမွေးမြူရေးနှင့် ငါးအစားစပ်ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြေနီကုန်းရပ်ကွက်၊ ဟန္နမိဘမဲ့ဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ဆိပ်ကမ်းသာယာလှပရေးနှင့်စနစ်တကျဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးနှင့် စနစ်တကျဖြစ်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ရေယာဉ်အသင်းကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။

မုံရွာမြို့ အမှတ် (၁၅၉) အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည် ချွန်ဆုပေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့အမှတ် (၁၅၉) အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါ ‌ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့အ.ထ.က(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့အ.ထ.က(ခွဲ)တန်းလတ်​ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့တို့ပူးပေါင်း၍ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို ယနေ့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သွင်းအားစုဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ရွှေဘိုသူနာပြုသင်တန်း​ကျောင်း၌မီးဘေးလုံခြုံရေး၊ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းမီးဘေးလုံခြုံစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက ​ရွေဘိုသူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူးဦး​အေးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦး​အောင်မြတ်တိုးနှင့် ဝန်ထမ်းများကမီးဘေးအသိ မီးဘေးသတိရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပေးနေမှုနှင့် မီးငြှိမ်းသတ်ရေး ပစ္စည်းများအကြောင်းနှင့် အသုံးပြုပုံများ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုသည့် ခေတ်မီစက်ကိရိယာပစ္စည်းများ အ‌ကြောင်းကိုရှင်းလင်းပြောကြားပြီး ပြသပေးခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး