စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ပေါ်ရပ်ကွက်များအတွင်း ရက် ၁၀၀ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ပွဲကို မေ ၂၀ ရက်နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရွှေဘိုမြို့နယ်ရှိ အပြင်ရွှေပေါ်ကျွန်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပြင်ရွှေပေါ်ကျွန်းစေတီတော်မြတ်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေ၊ ကုသိုလ်ရှင်အများပြည်သူအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြီးစီးခြင်းအောင်ပွဲ အနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အပြင်ရွှေပေါ်ကျွန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တမူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ရက် (၁၀၀) စီမံချက်ကာလအတွင်း  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အခွန်ဦးစီးဌာနမှူးရုံး အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပြည်တွင်းအခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ အခွန်ဦးစီးဌာနမှူးရုံး အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စစ်ကိုင်းခရိုင်အတွင်းရှိ စာရင်းစစ်ရုံးမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြား

စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်မြင့်မြင့်သိန်းသည် စစ်ကိုင်းခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးများမှဝန်ထမ်းများအား ယမန်နေ့မွန်လွှဲပိုင်းက ခရိုင်စာရင်းစစ်ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်ချက်များအား မှာကြားခဲ့သည်။

ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

နယ်မြေဒေသအခြေအနေကြောင့် ယာယီပိတ်သိမ်းခဲ့သည့် ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်လည်ဖွင့်လှစ်သည်။

ဖောင်းပြင်မြို့တွင် ကျောင်းအပ်နှံရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၂၅) ရက်မှ (၃၁) ရက်နေ့အား ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ အသိပေးနှိုးဆော်ခြင်း မြေစိုက်ပိုစတာအား ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့နံနက် (၈) နာရီခွဲ အချိန်က စိုက်ထူခဲ့ကြကြောင်း သိရသည်။

တမူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမ ရက်(၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာမြှင့် တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

တမူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး လှည့်လည်အသိပေးကြေညာခြင်း၊ လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းနှင့် စာရင်းကောက်ယူခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း နေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခြင်း၊ လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းနှင့် စာရင်းကောက်ယူခြင်းများကို မေလ ၂၀ ရက်နေ့ နံနက် ၁၀  နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ဧက ၂၀၀၀၀ ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး