စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသနန်းယွန်းမြို့နယ် နားလုံကျေးရွာတွင် အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် ကောင်းမွန်သောတိုင်းရင်းကြက်မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲကျင်းပ 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နားလုံ ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ်နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကောင်းမွန်သောတိုင်းရင်းကြက် မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)အချိန်က အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပါသည်။

စစ်ကိုင်းမြို့တွင် ကျောင်းအပ်နှံနိုင်ရေး အသိပေးနှိုးဆော်

စစ်ကိုင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရယူနိုင်ရန် ကျောင်းအပ်နှံရေးနှင့် ကျောင်းတက်ရောက်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုူ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ဓရာဝတီမြစ်ရေမှ ရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ကိုင်းမြို့တွင်းရှိ ရပ်ကွက်များသို့ မြို့စည်ပင်သာယာရေးအဖွဲ့မှ သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ခန္တီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျ‌ရောက်မည့် (၅၄) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန္တီးခရိုင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် ရာသီဉတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ " A Global Call For Climate Action" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ခန္တီး) ကျောင်းတွင် ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် (၁၀) ဦးနှင့် အလယ်တန်းအဆင့်(၁၂)ဦး စုစုပေါင်းကျောင်းသား/သူ (၂၂) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးလှထွန်း နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက် နေမှုကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဦးစီးအဖွဲ့၀င်များ၊ လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမဇိုးလောင်ဝီး၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒေသဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်နှင့် လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးတို့ လိုက်ပါ၍ ယနေ့နံနက်(၁၀:၃၀)နာရီအချိန် လဟယ်မြို့မာလာတောင်အားကစားခန်းမ၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး‌ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီက ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

နာဂဒေသနန်းယွန်းမြို့နယ် နားလုံကျေးရွာတွင် အစိုးရ၏ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် ဒေသကြက်/ဝက်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နားလုံကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် အစိုး၏ရက်(၁၀၀)စီမံချက်တွင် အကောင်ထည်ဖော်ဆောင်ရွက်သည့် ဒေသဝက်အကောင်(၂၀)နှင့် ဒေသကြက်အကောင်(၁၀၀)တို့ ထောက်ပံ့ပေးအပ်ပွဲကို မေ ၁၆ ရက်နေ့နံနက်(၀၉:၀၀)အချိန်က အဆိုပါကျေးရွာတွင် ကျင်းပပါသည်။

ကန့်ဘလူမြို့၌ စားအုန်းဆီများ သက်သာသောနှုန်းဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့က ကြီးကြပ်၍ ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့(မေ ၁၇ ရက်)မွန်းလွဲ ၂ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့သည်။

ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးအသိပညာပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို  မေလ(၁၇)ရက်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး