နာဂဒေသလေရှီးမြို့၌ ယဉ်ကျေးလိမ္မာနှင့် ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစက်ြာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုဌာန၊ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ (၃) နာရီအချိန်က လေရှီးမြို့ ဗဟိုသာသနာပြု ခေါင်းဆောင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဒဿန အမှူးပြု၍ ဗဟိုသာသနာပြုလက်ထောက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဓဇ၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သင်ကြားခဲ့သော ယဉ်ကျေးလိမ္မာနှင့်ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစက်ြာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။