စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်း များ၌ Gread- 5 ၊ Gread- 9 ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေး ပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများသည် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ရောက်ရှိရာ Gread- 5 ၊ Gread- 9 ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေချိန်ကာလနှင့် ပြီးဆုံးချိန်ကာလအထိ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ ကျောင်းပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အား စာမေးပွဲကြီးကြပ်ရေး မှူးများနှင့် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။