စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့၌ ရက် (၁၀၀) စီမံချက်အရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာမြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်အရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၂ ရက်နေ့က မုံရွာမြို့နယ်ပြည်သူ့‌ကျန်းမာရေးဝန်ထမ်းများနှင့် ဒုတိယဦးစီးမှူး (ကျန်းမာပညာ)များမှ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့်အတူ အသက်(၅)နှစ်အောက် ကလေးများအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အဏုအာဟာရမှုန့်များဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မုံရွာမြို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများမှ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ အလုံရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊ နှာခေါင်း၊လည်ချောင်း၊ မျက်စိနှင့်ကလေးကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

တမူးမြို့၌ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လှည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ကလေးဝမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက အမှတ် (၁) ရပ်ကွက်ရှိ မြို့ဝင်မြစ်သာပန်းခြံ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကတ်ရောက်

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှတားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်မှဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကို ကျင်းပပြုလုပ်သည်။

ကလေးမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မုံရွာခရိုင် ပဲကြော် လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှ် ပဲကြော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် တွေ့ကြုံရသည့် အခက်အခဲများအား စုပေါင်းဖြေရှင်းနိုင်ရေး ရည်ရွယ်လျက် မုံရွာခရိုင် ပဲကြော်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

ဖောင်းပြင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က အ-ထ-က (ခွဲ) ပိုးစာကုန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်ကာလအမီ ထုတ်ချေးပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ မေလ ၁၂ ရက်နေ့မှ စတင်၍ ထုတ်ချေး‌ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က နန်းပန်ကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာအရင်းအနှီးငွေများကို ထုတ်ချေးပေးခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး