စလင်းမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများမှ မှရိုးကုန်းကျေးရွာအုပ်စုအား ဆက်လက် ထုတ်ချေးပေး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)မှ မှရိုးကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူဦးကြီးများအတွက် ၂၀၂၃ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရန် စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ (၂၇)ရက်နေ့ နံနက်ပိုင်းက စတင် ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။