ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်တာဝန်ရှိသူများက မြောက်ဦးမြို့ပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ဗိုလ်ချုပ်သောင်းထိုက်ရွှေ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မုန်တိုင်းကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပျက်စီးမှုကို တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင် ရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသော ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် ပျက်စီးသွားသော အဆောက်အဦးများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှု‌ကြောင့် အမိုးဆန်းရှိတ်ပြုတ်ကျ လမ်းပိတ်ဆို့မှုမရှိစေရေး ဖယ်ရှားရှင်းလင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ည‌နေပိုင်းက မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်၊ (၁၀)လမ်းပေါ်သို့ အမိုးဆန်းရှိတ်ပြုတ်ကျခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများ အချိန်နှင့်တစ်‌ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဆရာတော်၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွှဲပိုင်း (၁)နာရီတွင် အမှတ်(၁၃)ရပ်ကွက် ရတနာမြိုင်ကျောင်းတိုက်၊ အမှတ်(၁)ရပ်ကွက် တဆုပ်ဆန်ဓမ္မာရုံ၊ အမှတ်(၁၂၆)ရပ်ကွက် အနန္တမေတ္တာကျောင်းတို့တွင် စုရပ် (၃)နေရာခွဲကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် စာသင်ဆောင်များ ပြုပြင်ပြီးစီးမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် မှကွင်းဆင်းကြည့်ရှု

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မေလ ၁၃ရက်နှင် ၁၄ ရက်နေ့များတွင် တိုက်ခိုက်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအားတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မေလ ၁၇ ရက်နေ့ နေ့လယ်တွင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ်ပြသ

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့၌ မိုးကြိုကာလတွင်ဖြစ်တတ် သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၃:၀၀) နာရီ အချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်များတွင် ပြည်သူများအား အသိပညာပေးပြသခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအားစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာ‌အောင်မြေမြို့နယ်၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက် ထားရှိမှုအား ယနေ့မွန်းလွဲ(၁)နာရီအချိန်က မဟာ‌အောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနသို့ တာဝန်ရှိသူများက လာရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန်သရုပ်ပြဇာတ်တိုက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဗုဒ္ဓနေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဗုဒ္ဓနေ့အခမ်းအနားကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ