ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပလောက်မြို့အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ အခြေခံပညာ‌ကျောင်းများက ကျောင်းသား၊ကျောင်းသူ( ၃၇၆ )ဦးအားကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့''ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၂) နှစ်အထိ အခြေခံပညာကျောင်းများက ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နေ့နံနက်(၉)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း ၊မူလွန်ကျောင်း နှင့် အမကကျောင်းတို့၌ ကိုဗစ်-၁၉ ရောဂါထပ်‌ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဆန်၊ ဆီ၊ နှင့်အခြားစားသောက်ကုန်များစျေးနှုန်းချိုသာစွာ ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေး

နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများဝယ်ယူနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များကို ယနေ့ နံနတ် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။

မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးသုံးပစ္စည်းအ‌‌ရောင်းဆိုင်များ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး စစ်ဆေးခြင်းနှင့်အသိပညာ‌‌ပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း‌ ဆိုင်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။

တနိုင်းမြို့၌ ပြည်လုံးအေးချမ်းသုံးပါးကပ်ကျော်ဆုတောင်းပြည့် စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ဒူးကောင်းရပ်ကွက်၊ ရွှေဘုန်းအောင်လံကျောင်း အတွင်း တည်ထားကိုးကွယ်အပ်သော “ပြည်လုံးချမ်းသာသုံးပါးကပ်ကျော်” ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင် မင်္ဂလာလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)တွင် ပြုလုပ်ခဲ့ သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ