မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ (၄)ခုအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား တက်ရောက်
မော်လမြိုင်မြို့၊ တောင်ဝိုင်းဘိုးဘွားရိပ်သာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ (၄)ခုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။